ဟင်္သာတ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ရှိ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ စက်သုံးဆီအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ် များမှတစ်ဦးချင်းမိတ်ဆက်ခြင်း၊ ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်မှ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူးရုံးရှေ့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးငြှိမ်းသတ်နည်းများကို သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ် ခဲ့ကြသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်း၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးဟိန်းသူဟန်၊ ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးဥက္ကာနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့်ကိုယ်စားလှယ်များ စုစုပေါင်း အင်အား(၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)