ပေါင်းတည်၌ Big catch up နည်းလမ်းဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှု

ပေါင်းတည် မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် Big catch up ဒုတိယအကြိမ်မြောက် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသက်(၁)နှစ်မှ (၅)နှစ် အရွယ်ကလေးငယ်များကို Big catch up နည်းလမ်းဖြင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ပေါင်းတည်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးနှင့် ကျေးရွာအုပ်စုများရှိ စုရပ်အသီးသီးတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်နှင့် ကျန်းမာရေးမှူးများ၏ ကြီးကြပ်မှုနှင့်အတူကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ပေါင်းတည်မြို့နယ်၌ Big catch up နည်းလမ်းဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးDr သံလွင်အောင် နေပြည်တော်တိုးချဲ့ကာကွယ်ဆေးထိုးဌာနမှ ဒုတိယညွှန်ကြားမှူး ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး Unicef,WHO တို့မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေသား