တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ဆက်လက်ထုတ်ပေး

တောင်တွင်းကြီး မတ် ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အမှတ် () အခြေခံပညာအထက်တန်ကျောင်း (စာစစ်ဌာန) နှင့် အခြေခံပညာအထက်​တန်းကျောင်း (ဆတ်သွား) စာစစ်ဌာနတို့တွင် ၂၀၂၅ ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ (၁၂၉၁) ဦးအား ဖြေဆိုခွင့် ကတ်ပြားများကို  ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့တွင် စတင်ကျင်းပမည့်ဖြစ်ရာ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ အမှတ် () အခြေခံပညာအထက်တန်းကျောင်း (စာစစ်ဌာန)တွင် ဓာတု၊ ရူပ၊ ဇီဝဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ (၅၂၆) ဦး၊ ဓာတု၊ ရူပ၊ ဘောကဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ (၄၁၂) ဦး၊ ပထဝီ၊ သမိုင်း၊ ဘောကဘာသာတွဲ (၂၅) ဦး စုစုပေါင်း (၉၆၃) ဦးနှင့် ဆတ်သွား အခြေခံပညာအထက်တန်းကျောင်း (စာစစ်ဌာန) တွင် ဓာတု၊ ရူပ၊ ဇီဝဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ (၈၃) ဦး၊ ဓာတု၊ ရူပ၊ ဘောကဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ (၂၄၄)၊ ဝိဇ္ဇာဘာသာတွဲ () ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၂၈) ဦး ဝင်ရောက်ဖြေဆိုမည့်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)