ငါးသိုင်းချောင်းမြို့တွင်အသက် (၇၀) နှင့်အထက်အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း မတ် ၆

ရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များစုပေါင်းကာ အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များမှအလှူငွေများနှင့် အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။ အဆိုပါ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု့ကို ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)