မြန်အောင် မတ် ၆
မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာစေရန် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြို့မနေခြည်စျေးရှေ့တွင် ယမန်နေ့နံနက်က မြန်မာ့သနပ်ခါး နံ့သာလိမ်းခြယ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမြန်မာ့သနပ်ခါးနံ့သာလိမ်းခြယ်ပွဲတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်က မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့ သနပ်ခါး ယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာလာစေရန်နှင့် မြန်မာ့သနပ်ခါးသမိုင်းကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ စျေးရောင်းစျေးဝယ်လာ ပြည်သူများအား သနပ်ခါးနံ့သာလိမ်းခြယ်ပေးခဲ့ကြသည်။
မြန်မာ့သနပ်ခါး နံ့သာလိမ်းခြယ်ပွဲသို့ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များတက်ရောက်၍ စျေးရောင်းစျေးဝယ်လာပြည်သူများအား သနပ်ခါးနံ့သာလိမ်းခြယ်ပေးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)