မကွေးတိုင်းဒေသကြီး ပင်စင်ဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်

မကွေး မတ် ၆

ပူးပြင်းခြောက်သွေ့သောနွေရာသီသို့ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးပင်စင်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရုံးအတွင်းမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဝန်ထမ်းများအားမီးသတ်ဆေးဘူးစနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

မကွေးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များ၊ ဈေးများ၊ ဟိုတယ်/မိုတယ်များ၊ ဆေးရုံ/ဆေးခန်းများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အဦများ၊ ရုံးဌာနများ၊ ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်