ငပုတောမြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ငပုတော မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြယ်ခြင်းဖြင့် မြန်မာ့ရိုးရာ အမွေအနှစ် ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ်ထင်ရှားလာအောင် ပြည်သူများအား ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးသန်းဦးက မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကြောင်း၊သနပ်ခါး၏ဆေးဘက်ဝင်ပုံနှင့်အသုံးဝင်ပုံအကြောင်း၊ မြန်မာ့သနပ်ခါး  ချစ်မြတ်နိုးမှုအကြောင်း တို့ကို အသိပညာပေးပြောကြားသည်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများနှင့် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအနေဖြင့်  မြန်မာ့သနပ်ခါးသွေးခြင်း၊ လိမ်းခြယ်ခြင်းများပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ဆရာမများ၊ ကျောင်းသား/သူ လေးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အောင်သူ (ပြန်/ဆက်)