ငပုတောမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေးရှင်းလင်းပွဲကျင်းပ

ငပုတော မတ်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အုပ်ရှစ်ကွင်း ကျေးရွာအုပ်စုအသင်းတော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲ ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ပြည်သူ့များကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအသစ်သစ်ကို ပြည်သူ့များသိရှိနိုင်ရေး၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုက ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုက ထုတ်ပြန်ထားသည့် ဥပေဒ၊ နည်းဥပဒေတွင်ပါရှိသော ယာယီကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်၊ ကင်းလွတ်ခွင့်များ၊ နိုင်ငံ့ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများအရ ယာယီကင်းလွတ်ခွင့်ရှိသော ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို အုပ်ချူပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ အသေးစိတ်နာလည်သဘောပေါက်စေရေးအတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့စစ်မှုထမ်းဗဟိုက ဆောင်ရွက်လျက်ရှိသည့်အကြောင်းအရာများ အကြောင်းရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးပြန်တင်ပြလာမှုအပေါ် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီဥက္ကဋ္ဌက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)