မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

 မြန်အောင် မတ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂,၈၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီတစ်ပိဿာ (၇၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)