အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ပန်းတနော်မြို့နယ်အားကစားခန်းမသို့ လာရောက်ကြည့်ရှုစစ်ဆေး

ပန်းတနော် မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အားကစားခန်းမသို့ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် မြို့နယ်အားကစားကွင်းသို့ ရောက်ရှိလာကာ အားကစားခန်းမနှင့် အားကစားကွင်း အ ခြေအနေများကြည့်ရှုစစ်ဆေးခဲ့ပြီး နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်း၊ မအူပင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုးမင်းချစ်နှင့်ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)