ကျောက်ကြီး မေ ၅
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးအောင်ဇင်မျိုး တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာဝန်ထမ်း/ပြည်သူများအား တစ်ဦးခြင်းအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် နေရပ်စွန့်ခွာဝန်ထမ်း/ပြည်သူ စုစုပေါင်း (၂၄၇၂) ဦးရှိပြီး ယနေ့တွင် ကျောက်ကြီးမြို့ပေါ် ဆားတန်းရပ်ကွက်ရှိ ဝန်ထမ်း/ပြည်သူ (၅၆)ဦး၊ ကပ်ကျေးရပ်ကွက်ရှိ ဝန်ထမ်း/ပြည်သူ (၈၃) ဦး စုစုပေါင်း (၁၃၉) ဦးအားထောက်ပံ့ပေးပြီး ကျန်သူများအား နောက်ရက်များတွင် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
မြို့နယ် (ပြန်/ဆက်)