မအူပင် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယနေ့နံနက်(၄)နာရီ(၃၆)မီးနစ်၊ (၄)နာရီ(၅၄)မီးနစ်နှင့် (၅)နာရီ(၂၀)မီးနစ်အချိန်များတွင် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အမှတ်(၁)ရပ်ကွက်ရှိ မအူပင်မြို့ကျက်သရေဆောင်စိမ်းမြကန်သာ သတ္တဌာနဘုရား မဟာဗောဓိလိုဏ်အတွင်း မှန်တံခါးမကြီးကွဲကျခြင်း၊ အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ စေတီမကြီး ပတ်လည်အောက်ခြေတွင် အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ အရှေ့ဘက်မုဒ်ဦးစေတီ ၃ ဆူအောက်ခြေအက်ကြောင်းဖြစ်ပေါ်ခြင်း၊ ၁၀၈တောင်ဘုရားအရှေ့တောင်ခြမ်းပြိုကျခြင်း၊ အမတော်မမြစိမ်းနန်း အုတ်နံရံပြိုကျခြင်း၊ ဂိုတောင်နံရံများပွင့်ထွက်ခြင်းများနှင့် စာတိုက်နောက်ပိုင်းအနည်းငယ်ပြိုကျပျက်စီးခြင်း၊ ဘောလုံးကွင်း အုတ်တံတိုင်း အနည်းငယ်ပြိုကျပျက်စီးခြင်း၊ အမှတ်(၆)ရပ်ကွက်၊ ခိုင်မာလာလမ်းရှိ အိမ်တလုံး ဘေးထိခိုက်ပျက်စီးခြင်း၊ အမှတ်(၂)ရပ်ကွက်ရှိ စိန်ဟင်္သာကျောင်းတိုက် အုပ်တံတိုင်း ပေ ၁၀၀ နီးပါး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ငလျှင်လှုပ်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များသေဆုံးမှု မရှိပါကြောင်းနှင့် အဆိုပါနေရာများသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုပြီးလိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ်