ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

ညောင်လေးပင် မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၁၁နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ မဒေါက်နှင့် ရွှေကျင်ဒေသများအတွင်းသို့ နေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကာယကံရှင်များလက်ဝယ်အရောက် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ကြသည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာ နေရပ်စွန့်ခွာပြည်သူတစ်ဦးအတွက် ဇန်နဝါရီလတစ်လစာ ကျပ်၂ သောင်းနှုန်းဖြင့် (၁၈၀၈၅)ဦးအတွက် ကျပ်သိန်းပေါင်းသုံးသိန်းခြောက်ထောင်ကျော်ကို ညောင်လေးပင်မြို့နယ်ရှိ မြို့မ(၃)ရပ်ကွက်အတွင်း သက်ဆိုင်ရာကာယကံရှင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)