မအူပင် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ညနေပိုင်းက မြန်မာ့သနပ်ခါးကို အမြတ်တနိုး တန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာ အမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးအာကာဦးမှ မြန်မာ့သနပ်ခါးအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်း အနားသို့ တက်ရောက်လာသူများမှ သနပ်ခါးများလိမ်းပေးခြင်း၊ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာဦးနှင့် ဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)