သာယာဝတီ မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကျောင်းစုရပ်ကွက်ရှိ “ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်ကြီး၏” ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရအား နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းမည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက မင်းကျောင်းပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းကျောင်းပရိယတ္တိစာသင်တိုက် “ကမ္ဘာ့ငြိမ်းချမ်းရေးဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်ကြီး၏” ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းကြပြီး နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းမည့်ရက်ကို မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)