ဇလွန်မြို့တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်

ဇလွန် မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ဝန်းအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာများကို ပညာပေးဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများက ဘုရားဖူးလာပြည်သူများအား သနပ်ခါးသည် မြန်မာတို့၏နေ့စဉ်ဘဝအတွက် အရေးပါကြောင်းနှင့် မြန်မာ့သနပ်ခါးသည် ကမ္ဘာတွင်ထူးခြားသည့် ဓလေ့ တစ်ခုဖြစ်ကြောင်း၊ မြန်မာ့သနပ်ခါးဓလေ့၏သမိုင်းကြောင်း၊ အစဉ်အလာယဉ်ကျေးမှုများ၊ သနပ်ခါး၏အသုံးဝင်ပုံနှင့်အသုံးပြုပုံအကြောင်း၊မြန်မာ့သနပ်ခါး၏အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားခဲ့ပြီး ကိုယ်တိုင်သနပ်ခါးသွေးလိမ်းခြယ်ခြင်းနှင့် အချင်းချင်းအပြန်အလှန်ပျော်ရွှင်စွာ လိမ်းခြယ်ခဲ့ကြသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)