ဖျာပုံမြို့၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပ

ဖျာပုံ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်စွာလင်းက နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်စေရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့အခမ်းအနားတွင် သနပ်ခါးနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ သနပ်ခါးပင်အကြောင်း၊ ဆေးဖက်ဝင်ပုံ၊ မြန်မာ့ဓလေ့နှင့်ချစ်မြတ်နိုးမှု၊ အသုံးပြုမှု၊ လက်တွေ့ သနပ်ခါးသွေးခြင်း၊ လိမ်းခြယ်ခြင်း၊ သရုပ်ပြခြင်း၊ သနပ်ခါးနှင့်သက်ဆိုင်သော ဓာတ်ပုံများ ပြသခြင်းစသည့်လှုပ်ရှားမှုများကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်နှင်းယုဇံက မြန်မ့ာသနပ်ခါး၏အကျိုးကျေးဇူးများ၊ အသုံးပြုမှုများ၊ မြန်မာ့သနပ်ခါး သမိုင်းကြောင်းစသည့် မြန်မာ့သနပ်ခါးနှင့်ပတ်သက်၍ သိရှိမှတ်သားဖွယ်ရာများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအမျိုးသမီးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက သနပ်ခါးလိမ်းခြယ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြပြီး သနပ်ခါးနှင့်ပတ်သက်သော အသိပညာပေး ပြသထားရှိသည့် နံရံကပ်ပြ ဘုတ်များ၊ ဓာတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်