ကြံခင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ(အခမဲ့)အခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ(အခမဲ့)အားကစား အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြည်စိုးက ၂၀၂၅ ခုနှစ်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ပြေးခုန်ပြစ်၊ ရိုးရာခြင်းလုံး၊ ကရာတေး၊ Fitness Dance & Aerobie နှင့် ကြက်တောင်သင်တန်း ၆ မျိုးကို နံနက် ၈ နာရီမှ ညနေ ၅း၃၀ အထိ နေ့စဉ်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း၊ ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းအားဖြင့် လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် ပြီး အားကစားစိတ်ဓာတ်များ ပိုမိုသက်ဝင်ယုံကြည်လာစေရန်၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားကောင်း များ ပေါ်ထွက်လာစေရန်အတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းသူလေးများက Fitness Dance & Aerobie အကဖြင့် သရုပ်ပြသဖျော်ဖြေပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်ကျော်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်နွေးအား အားကစားပစ္စည်းများ ပေးအပ်သည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ ဖြင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၅၀ ခန့် တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ၅-၃-၂၀၂၅ ရက်နေ့မှ ၅-၄-၂၀၂၅ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ၁၀ နာရီအထိ၊ ညနေ ၃ နာရီမှ ၅ နာရီထိ ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)