မအူပင် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (Book Club) အဖွဲ့ဒုဥက္ကဋ္ဌဦးစိုးက အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအာကာဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံအင်္ဂလိပ်စာသင်တန်းနည်းပြဆရာကြီး ဦးဘိုထွေးက ကျောင်းသား/ကျောင်းသူများကို သင်ကြားမည့်သင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မတ် ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၃၈) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)