နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ငွေလုံးငွေရင်းလုပ်ငန်းခွင့်ပြုငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

နမ္မတူ        ဒီဇင်ဘာ    

နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ နှစ်စဉ်ခွင့်ပြုငွေများဖြင့် မြို့နယ်သန့်ရှင်းသာယာ လှပစေရေးနှင့် ဖွံဖြိုး တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပထမ()လပတ်အတွင်း ငွေလုံး ငွေရင်းလုပ်ငန်း ခွင့်ပြုငွေ(၉၈.)သိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် ()ရှိ ရွှေညောင်ပင်လမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့ တွင် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်ဟိုက်ရပ်ကွက် ()ရှိ ရွှေညောင်ပင်လမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား နမ္မတူမြို့နယ် စည်ပင် သာယာရေးကော်မတီ၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပထမ ()လပတ်အတွင်း ငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုငွေ (၉၈.)သိန်းဖြင့် လမ်းအရှည် (၄၃၀)ပေ၊ ဒေသခံပြည်သူများ ထည့်ဝင်ငွေဖြင့် လမ်းအရှည် (၁၂၀)ပေ၊ စုစုပေါင်း လမ်း အရှည် (၅၅၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု ()လက်မလမ်းအား ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း  နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနရုံးမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းက ပြောသည်။

လူမော် (ပြန်/ဆက်)