ဆိပ်ဖြူ မတ် ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များသို့ အသိပေး နှိုဆော်ဆောင်ရွက်ခဲ့သည်။
လက်ရှိအချိန်ကာလသည် ဆောင်းဥတုအချိန်ကာလမှ နွေဦးရာသီးအချိန်ကာသို့ ကူးပြောင်း၍ ပူပြင်းခြောက်သွေ့၍ လေပြင်းတိုက်ခတ်သည့် အချိန်ကာလသို့ရောက်ရှိလာသည့်အတွက် ဒေသခံပြည်သူနှင့် တောင်သူများ၏ နေအိမ်အဆောက်အဦးနှင့် ဥစ္စာပစ္စည်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦအေးမင်းမောင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အသိပညာများ၊ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ အသင့်ထားရှိဆောင်ရွက်ရေး၊ မီးကိုစနစ်တကျသုံးစွဲပြီး မီးကြွင်းမီးကျန်းများမရှိစေရန် စနစ်တကျငြှိမ်းသတ်ရေး၊ မီးလောင်လွယ်သည့် လောင်စာဆီများ သိုလောင်ခြင်းမပြုလုပ်ကြရန်နှင့် မိမိတို့မွေးမြူဆောင်ရွက်ထားရှိသည့် တိရိစ္ဆာန်အစာများ သိုလောင်ထားရှိသည့် နေရာအနီး၌ မီးသုံးစွဲခြင်း၊ ဆေးလိပ်များသောက်သုံးခြင်းတို့ကို မပြုလုပ်ကြရန် အသိပေးဆောင်ရွက်ခဲ့ကြပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရည့်အချက်များအား အသိပညာပေးနှိုးဆော်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)