တောင်ငူ မတ် ၅
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာနှင့် စက်ရုံလုပ်ငန်းဆုများ ချီးမြှင့်နိုင်ရေးအတွက် အဆိုပြုတင်သွင်းလာသော တောင်ငူမြို့နယ်ရှိ ခပေါင်းတိန်ကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိနှင့် တောင်ငူခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိတို့က ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်းအကြောင်း အသိပညာပေးဟောပြောခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းနှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပလတ်စတစ်အစားထိုး Recycle အိတ်များဖြန့်ဝေခြင်းနှင့် ကျေးရွာတွင် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)