ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၁၀)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်

ကသာ မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့်ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ (၁၀)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့တော် ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀)နှုန်းဖြင့် လူဦးရေ (၃၀၀)ဦးအတွက် ထောက်ပံ့ငွေကျပ် (၆,၀၀၀,၀၀၀)/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း (၃၁၀၀)ဦးကျော်ရှိပြီး ယနေ့တွင်(၃၀၀)ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်သည်။ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ငွေထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ကျော်စွာ(ကသာ)