နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

နတ်မောက် မတ် ၅                                                                                           

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်။

အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များ၌ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့်ကလေးငယ်များက မိမိတို့ဖတ်မှတ်လေ့လာထားသည့်စာအုပ်များဖြင့် စိတ်ကြိုက် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ကြစေရန်ရည်ရွယ်၍ အားလပ်သည့်အချိန်များတွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲများ ဉာဏ်စမ်းမဟေဠိပြိုင်ပွဲများ လစဉ်ဆောင်ရွက်လျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်များတွင်လည်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးပညာပေးသင်တန်း များဖွင့်လှစ်ပေးလျက်ရှိသည်။

မူမူစန်း