ကသာမြို့ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ ENGLISH GRAMMAR သင်တန်းဖွင့်လှစ်

ကသာ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ENGLISH GRAMMAR သင်တန်းကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က  အခမဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနွေရာသီ ENGLISH GRAMMAR သင်တန်းကို လူငယ်လူရွယ်များအချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူငယ်များအင်္ဂလိပ်စာဘာသာရပ်နှင့်ပတ်သက်၍ စနစ်တကျလေ့လာ နိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုဖွင့်လှစ်သော ENGLISH GRAMMAR သင်တန်းကို မတ်လ(၃)ရက်နေ့မှ ဧပြီလ (၄)ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နေ့စဉ်ညနေ (၃)နာရီမှ (၄)နာရီအချိန်ထိ သင်ကြား ပို့ချသွားမည်ဖြစ်သည်။ ENGLISH GRAMMAR သင်တန်းတွင် အလယ်တန်းအဆင့်၊ အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူများနှင့် ဝါသနာရှင် စုစုပေါင်း (၉၇)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)