နတ်မောက် မတ် ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကျောင်းသား/သူများ အနုပညာကိုစိတ်ပါဝင်စားမှုရှိစေရန်၊ ပန်းချီပညာကိုလေ့လာသင်ယူတတ်မြောက်စေရန်၊ စိတ်ကူးစိတ်သန်းနှင့်တီထွင်ဖန်တီးမှု၊ တွေးခေါ်မျှော်မြင်မှုရှင်သန်တိုးတက်လာစေရန်၊ နွေရာသီအားလပ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနဘက်စုံသုံးခန်းမတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ပန်းချီသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ပန်းချီအနုပညာရှင် ဦးသိန်းနိုင်စိုးမှ ပန်းချီအခြေခံသင်တန်းကို အနီးကပ်သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၅၅) ဦး တက်ရောက်ကြရာသင်တန်းကာလမှာ တစ်လကြာသင်ကြားပေးသွားမည်ဖြစ်သည်။
လှဝင်း