ပုလောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ (တတိယ)နေ့ Grade -5၊ Grade-9 ကျောင်းသူ၊ ကျောင်းသားများ  သင်္ချာဘာသာ ဆက်လက်ဖြေဆို

ပုလော မတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းအခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ Grade-5၊ Grade-9 ကျောင်း သူ၊ကျောင်းသားများက တိုင်း/ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့ ၉ နာရီအချိန်က သင်္ချာဘာသာကို သက်ဆိုင်ရာ စာစစ်ဌာနများရှိ အခြေခံပညာကျောင်းများ၌  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ Grade-5 နှင့် Grade-9 ကျောင်းသူ၊ကျောင်းသားများ စာမေးပွဲဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ (တတိယနေ့)သင်္ချာဘာသာတွင်  Grade-5 တွင် ဖြေဆိုသူ ၁၀၉၈  ဦး၊  Grade-9 တွင်  ၄၈၃ ဦး ဝင်ရောက်ဖြေဆိုခဲ့လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးအေးမော် (ပုလော)