ထားဝယ် မတ် ၅
တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တရားမဝင် ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ကို တိုင်းဒေသကြီးအဆင့်အနေဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကာ ခရိုင်/မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့များ ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်ခြင်းကိစ္စရပ်များအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်း သည်နိုင်ငံတော် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ လုံခြုံရေးနှင့်ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း၊ ယခုအခါတွင် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း နည်းပညာတိုးတက်လာမှုကိုအသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ E-Commerce ထိခိုက်စေရန် ပြုလုပ်ဆောင်ရွက်လျက်ရှိနေကြောင်း၊ ၎င်းလုပ်ငန်းများအား မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်ဆင်းကတ်များကို အသုံးပြုလုပ်ဆောင်နေခြင်းဖြစ်၍ တရားမဝင်ဆင်းကတ်ရောင်းချမှုနှင့်ပတ်သက်၍ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီး တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတေဇာအောင်နှင့်တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသည့် ကုမ္ပဏီများနှတာဝန်ရှိသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)