သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်

သာပေါင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က သာပေါင်းမြို့နယ်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံဟိန်းနှင့်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ မီးသုံးစွဲမှုအား စနစ်တကျသုံးစွဲခြင်းရှိ/မရှိအား လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး