ပုသိမ်မြို့တွင် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ပုသိမ် မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စုပေါင်းရုံးခန်းမတွင် မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့်  မြန်မာ့ရိုးရာ အမွေအနှစ်ဆင်ယင်ထုံးဖွဲ့ ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်ထက်အောင်က မြန်မာ့ရိုးရာသနပ်ခါးနှင့်ပတ်သက်၍အကျယ်တဝင့်ပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများက မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအနေဖြင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး မြန်မာ့သနပ်ခါးသွေးခြင်း၊ လိမ်းခြင်းနှင့် မြန်မာသနပ်ခါး အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)