ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ကဏ္ဍစုံအသိပညာပေး ဟောပြောပွဲကျင်းပ

ဘိုကလေး မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်၌ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ကဏ္ဍစုံ အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး ဘိုကလေးမြို့မ စခန်းမှူး၊ ဒုရဲမှူး ကျော်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သတ်၍ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သတ်သော ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေများအား ဟောပြော ဆောင်ရွက်သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာမျိုးက လူကုန်ကူးမှုနှင့်ပတ်သတ်၍ သတိပြုရမည့်  အကြောင်းအရာများ၊ လူကုန်ကူးမှုကိုအထမြောက်စေသော အကြောင်းအရာများ၊ သတ်မှတ် ထားသည့် တည်ဆဲဥပဒေများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရမည့် အကြောင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များ၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများအား ရှင်းလင်းအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)