ဒိုက်ဦး မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 နှင့် Grade _5 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီကစတင်ဖြေဆိုသည်။
အဆိုပါစာမေးပွဲကျင်းပရာတွင် ဒိုက်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ Grade – 9 စာမေးပွဲအား ကျောင်းသား (၉၅၄) ဦး ကျောင်းသူ (၁၂၁၆) ဦး စုစုပေါင်း (၂၁၇၀) ဦးGrade – 5 စာမေးပွဲအားအခြေခံပညာကျောင်း၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ Grade_5 ကျောင်းသား (၁၈၁၉) ဦး ကျောင်းသူ (၁၇၉၂) ဦး စုစုပေါင်း (၃၆၁၁ ) ဦးတို့က ဝင်ရောက်ဖြေဆိုနေကြကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများစာမေးပွဲကို ဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဦးမင်းကျော်ဉာဏ်ခိုင်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)