ကျိုက်လတ်မြို့၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ကျိုက်လတ် မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက် (၉) နာရီက မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က နှစ်စဉ် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ဆရာမကြီး နော်အဲလာဖေါက သနပ်ခါးပင်အကြောင်း၊ ဆေးဖက်ဝင်ပုံအကြောင်း၊ မြန်မာ့ဓ‌လေ့နှင့် သနပ်ခါးအပေါ်ချစ်မြတ်နိုးမှု၊ အသုံးပြုမှုစသည်တို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအမျိုးသမီးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက သနပ်ခါးလိမ်းခြယ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြပြီး သနပ်ခါးနှင့်ပတ်သက်သော အသိပညာပေးပြသထားရှိသည့် နံရံကပ်ပြဘုတ်များ၊ ဓာတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)