ပန်းတနော် မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားတွင် ပန်းတနော်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားဆောင်ရွက်မှုအခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးက မြန့်မာ့ရိုးရာသနပ်ခါးအကြောင်း ရှင်းလင်းဆွေးနွေးသည်။
မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားသို့ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး သနပ်ခါးလူးခြင်းကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)