ငွေဆောင် မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ အခြေခံပညာစာသင်ကျောင်း၌ ယနေ့နံနက် (၉) နာရီက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ Grade – 5 နှင့် Grade – 9နှစ်ဆုံး စာမေးပွဲ ဒုတိယနေ့ (အင်္ဂလိပ်စာ) ဘာသာရပ်အား ကျောင်းသား/ သူလေးများက ဖြေဆိုလျှက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့အတွင်းရှိ စာစစ်ဌာန (၄) ခု၌ အလယ်တန်းအဆင့် Grade – 9 ဝင်ရောက်ဖြေဆိုရန် စာရင်းရှိသူ (၁၄၀) ဦးရှိရာ ဖြေဆိုသူ (၁၃၂) ဦးနှင့် ပျက်ကွက်သူ (၈) ဦးရှိပြီး မူလတန်းအဆင့် Grade- 5 ဝင်ရောက်ဖြေဆိုရန် စာရင်းရှိသူ (၃၃၈) ဦးရှိရာ ဖြေဆိုသူ (၃၀၉ )ဦးနှင့် ပျက်ကွက်သူ (၂၉) ဦးရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် Grade (5) နှင့် Grade – 9 နှစ်ဆုံး စာမေးပွဲကို ကျောင်းသား/ သူများ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ် ဆရာ / ဆရာ မကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိကာ ရပ် / ကျေးအုပ်ချုပ်ရေးအဖွဲ့များမှလည်း ကျောင်းဝန်းလုံခြုံရေးနှင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ငွေဆောင်