ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ငပုတော မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်း ကျင်းပပြုလုပ်သည်။

ဗိုလ်လုပွဲတွင် ငပု‌တောမြို့တောင်ပိုင်းအသင်းနှင့် တောင်ကလေးတိုက်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ငပုတောမြို့ တောင်ပိုင်းအသင်းက တောင်ကလေးတိုက်နယ်အသင်းအား တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ‌‌ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆုရရှိသည့်အသင်းများမှ အားကစားသမားများက နေရာယူကြပြီး  အကောင်းဆုံးအားကစားသမားဆုကို မြို့နယ်မီးသတ်ဦးစီးမှူးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံးယှဉ်ပြိုင်ခဲ့သော အကောင်းဆုံးအားကစားသမား အသန့်ရှင်းဆုံးဆုအား ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူးက လည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆု၊ နောက်တန်းအကောင်းဆုံးကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ အ‌ကောင်းဆုံး ဂိုးသမားဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၃)ကလည်းကောင်း၊ တတိယဆုရရှိသော အသင်းအားငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ကလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ကလေး တိုက်နယ် အသင်းအား ငွေသားဆုနှင့်တစ်ဦးချင်းဆုတံဆိပ်များကို အဖွဲ့ဝင် (၁)ဗိုလ်မှူးရဲလင်းထွန်းကလည်းကောင်း၊ ပထမဆုရရှိသော ငပုတောမြို့ တောင်ပိုင်းအသင်းအား တံခွန်စိုက်ဆု၊ ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 အောင်သူ(ပြန်/ဆက်)