မြန်မာ့ရိုးရာယဥ်ကျေးမှု မြန်မာ့သနပ်ခါးအကြောင်း ဟောပြာပွဲအခမ်းအနားကျင်းပ

မြန်အောင် မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် တွင်မြန်မာ့ရိုးရာယဥ်ကျေးမှု မြန်မာ့သနပ်ခါးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် မြန်မာ့သနပ်ခါးအကြောင်း ဟောပြာပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးတို့က မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထား လိမ်းခြင်းအားဖြင့် ကျန်းမာရေးအတွက် ရရှိမည့်ကောင်းကျိုးများ၊ မြန်မာ့ရိုးရာ အမွေအနှစ်ဆင်ယင်ထုံးဖွဲ့ ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား၍ မြန်မာ့သနပ်ခါးသမိုင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား သနပ်ခါးများလိမ်းချယ်ပေးခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)