မုံရွာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 အစိုးရစစ်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ဖြေဆို

မုံရွာ မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade- 5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade- 9 အစိုးရစစ်စာမေးပွဲများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် မတ် ၃ ရက် နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိရာ ယနေ့ ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖြေဆိုရာတွင် မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် Grade- 5 အစိုးရစစ်စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၉၇ ဦးရှိပြီး ဖြေဆိုသူကျောင်းသား ၈၅ ဦး၊ ကျောင်းသူ ၁၁၀ ဦး ဖြေဆိုပျက်ကွက်သူ ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦးရှိကြောင်းနှင့် Grade- 9 စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦးရှိပြီး ကျောင်းသား ၁၉၀ ဦး၊ ကျောင်းသူ ၁၇၉ ဦးဖြေဆို၍ ပျက်ကွက်သူ ကျောင်းသား ၁ ဦး ရှိကြောင်း အ.ထ.က (၂) မုံရွာမှ သိရပြီး အဆိုပါဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မုံရွာမြို့နယ်တွင် Grade- 5 အစိုးရစစ်စာမေးပွဲတွင် စာစစ်ဌာန (၁၉) ခုရှိရာ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၉၄၅ ဦးရှိပြီး ဖြေဆိုသူကျောင်းသား ၁၃၂၆ ဦး၊ ကျောင်းသူ ၁၄၆၈ ဦး ဖြေဆိုပျက်ကွက်သူ ကျောင်းသား ၉၇ ဦးနှင့် ကျောင်းသူ ၅၄ ဦးရှိကြောင်းနှင့် Grade- 9 စာမေးပွဲတွင် စာစစ်ဌာန (၁၂) ခုရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၈၂၇ ဦးရှိပြီး ကျောင်းသား ၈၂၄ ဦး၊ ကျောင်းသူ ၉၅၁ ဦးဖြေဆို၍ ပျက်ကွက်သူ ကျောင်းသား ၃၂ ဦးနှင့် ကျောင်းသူ ၂၀ ဦး ရှိကြောင်း မုံရွာမြို့နယ် ပညာရေးမှူးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)