မော်လမြိုင်ကျွန်း မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ကြီးမှူး၍မြန်မာ့ သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြယ်ခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအား ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ်လ (၃) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နုနုအေးက မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကြောင်း၊ သနပ်ခါး၏ ဆေးဘက်ဝင်ပုံနှင့်အသုံးဝင်ပုံအကြောင်း၊ မြန်မာ့သနပ်ခါး ချစ်မြတ်နိုးမှုအကြောင်းတို့ကို ဟောပြောခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများနှင့် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအနေဖြင့် မြန်မာ့သနပ်ခါးသွေးခြင်း၊ လိမ်းခြယ်ခြင်းများပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ဆရာမများ၊ ကျောင်းသား/သူ လေးများနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)