ဂန့်ဂေါမြို့၌ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေး

ဂန့်ဂေါ မတ် ၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီထိ မြောက်ကုန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့လမ်းမပေါ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဂန့်ဂေါမြို့မရဲစခန်းမှူး ဒုတိယရဲမှူး စောရွှေမောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်အောင်ဇော်မင်း ဦးစီးသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြောက်ကုန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီး ရှေ့လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များတွင် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မူးယစ်ဆေးဝါးနှင့် ဖောက်ခွဲရေးပစ္စည်းများသယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်/ဆိုင်ကယ်များ ဟုတ်/မဟုတ် စစ်ဆေးခြင်းတို့ကို မော်တော်ယာဉ်(၆)စီးနှင့် မော်တော်ဆိုင်ကယ်(၆၅)စီးတို့အား စနစ်တကျရှာဖွေ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)