ကသာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီအခြေခံရေးဆွဲနည်း သင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခမဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ နွေရာသီပန်းချီအခြေခံရေးဆွဲနည်းကို လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာရပ် စနစ်တကျ လေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပန်းချီသင်တန်းကို မတ်လ(၃)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအချိန်ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပန်းချီသင်တန်းတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်သင်ကြားလျက်ရှိသည်။
ရဲလင်းထွန်း(ပြန်/ဆက်)