မုံရွာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၁၃၈၆ ခုနှစ်၊ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅ ခုနှစ်၊ မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊တာဝန်ရှိသူအားလုံးအနေဖြင့် ယခင်နှစ် များမှအတွေ့အကြုံများ၏အားသာချက်၊ အားနည်းချက်များအား သင်ခန်းစာရယူကာလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့အသီးသီးမှတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများ အပေါ်စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း သက်ကြီး ပူဇော်ပွဲ၊ ဇီဝိတငါးလွှတ်ပွဲများ ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများမှ ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှလည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှလည်းကောင်း၊ ရိုးရာယဉ်ကျေးမှုထိန်း သိမ်းရေး၊ အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ စတုဒီသာများကျွေးမွေးရေး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်းကောင်း၊ ဖိတ်ကြား/ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဗဟိုမဏ္ဍပ်ကြီးကြပ်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်းကောင်း၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနမှလည်းကောင်း၊ ဘဏ္ဍာရေးနှင့်ငွေစာရင်းထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှလည်းကောင်း၊ လူမှုရေးနှင့်သာသနာရေးဆိုင်ရာကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှလည်းကောင်း၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်းကောင်း၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှလည်းကောင်း၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှလည်းကောင်း မိမိတို့ကော်မတီများအလိုက် လုပ်ငန်းများဆောင်ရွက်သွား မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ တော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေး နွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)