ကော့သောင်းမြို့၌ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကော့သောင်း မတ် ၄

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဌာနဆိုင်ရာများ မီးဘေးလုံခြုံရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်း ဦးဆောင်သည့် (၂+၃)ဦးဖြင့် ခရိုင်ထွေအုပ်၊ မြို့နယ်ထွေအုပ်၊ ဆသရ၊ ပြန်ဆက်၊ မိုးဇလ၊ ကညန၊ ပို့ဆက်၊ ဘေးစီမံရုံးများသို့ သွားရောက်စစ်ဆေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင်ရုံး ဆင်းပြန်မမေ့ရန်မီး၊ ပန်ကာပိတ်ခြင်း၊ မီးသတ်ဖုန်းနံပါတ် ကပ်ထားခြင်း၊ မီးဘေးလုံခြုံရေးအနေဖြင့်စီမံချက်ရေးဆွဲခြင်း၊ သတိပြုစေခြင်း၊ ခြင်ဆေး၊ ဖယောင်းတိုင်၊ အမွှေးတိုင် စနစ်တကျထွန်း‌စေခြင်း၊ ဟောင်းနွမ်းဝါယာကြိုးမသုံးစေခြင်း၊ ဝန်အားကျော်လွန် အသုံးမပြုစေခြင်းတို့ စသည်များ စစ်ဆေးခြင်း မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူး၊ ရေ၊ သဲ၊ မီးချိတ်မီးကပ် အပေါ့စားစက်စသည့် မီးသတ်ပစ္စည်းများ ဆောင်ထားခြင်း ဟောင်းနွမ်းဝါယာကြိုးများ လဲလှယ်ခြင်းနှင့် ချောင်ပလပ်ပေါက်ခေါင်းများ လဲလှယ်ခြင်း စသည်များ ရှိစေရေးနှင့် မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ဆေးဘူး အသုံးပြုလေ့ကျင့်ခြင်း၊ ရေလက်ဆင့်ကမ်းသယ်ငြှိမ်းခြင်း၊ စောင်ဖြင့် ဖုံးအုပ်ငြှိမ်းခြင်း၊ မီးချိတ်မီးကပ်ဖြင့် အခြေဖျက်ငြှိမ်းခြင်း စသည်တို့ လေ့ကျင့်ခြင်း ဆောင်ရွက်နိုင်ရေး အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကျန်ဌာနဆိုင်ရာများလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)