ကြံခင်းမြို့နယ်၌ Grade - 9 နှင့် Grade – 5 နှစ်ဆုံး‌တတ်‌မြောက်မှု စာမေးပွဲများ စတင်ဖြေဆို

ကြံခင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအသီးသီးမှ Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့ နံနက်က စတင်၍ ပထမစာဖြေနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စာဖြေဌာနအသီးသီးတို့၌ ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၌ Grade-9 စာမေးပွဲဖြေဆိုရန် စာရင်းရှိ စုစုပေါင်း ၈၈၈ ဦး၊ ဖြေဆိုသူ ကျား ၄၂၅ ဦး၊ မ ၄၃၀ ဦး၊  ပျက်ကွက် ၃၀ ဦး၊ Grade-5 စာရင်းရှိ ၁၁၃၈ ဦး၊ ဖြေဆိုသူ ကျား ၅၉၀ ဦး၊ မ ၅၄၈ ပျက်ကွက် ၃၈ ဦးရှိကြောင်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့တို့က စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးကြသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် (Grade 5) နှင့် အလယ်တန်းဆင့် (Grade 9) ပြီးမြောက်မှုစာမေးပွဲကို မတ်လ  ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)