ဓနုဖြူ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိအသက်(၂)လမှ(၅၉)လအထိ ကလေးငယ်(၁၃၂၁၆)ဦးအား ပိုလီယိုကာကွယ်ဆေး ရာနှုန်းပြည့်တိုက်ကျွေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်(၁၈)ရပ်ကွက်၊ ကျေးရွာပေါင်း(၄၄၂)ရွာအတွင်းရှိ အသက်(၂) လမှ (၅၉)လအထိ ကလေးငယ် (၁၃၂၁၆)ဦးအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှစတင်၍ ယနေ့ မတ်လ(၃)ရက်နေ့အထိ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း ရာနှုန်းပြည့် တိုက်ကျွေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)