ဓနုဖြူ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာ အမွေအနှစ် ဆင်ယင်ထုံးဖွဲ့ ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန် ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးကမြန်မာ့သနပ်ခါးသမိုင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အ.ထ.က(၂)ဓနုဖြူမှ ကျောင်းသူလေးများက မြန်မာ့သနပ်ခါးနှင့်ပတ်သက်၍ သရုပ်ပြလှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းသူလေးများက ရွှေဘိုသနပ်ခါးသီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မြန်မာ့သနပ်ခါးလှုရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ကဗျာများအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက် လာသူများအား သနပ်ခါးများ လိမ်းခြယ်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)