ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲဖြေဆို

ထန်းတပင် မတ် ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade -9 နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ စာဖြေဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေပြီး ယနေ့ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုနေကြောင်း သိရသည်။

Grade - 5 စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၄၅) ဦးရှိပြီး လာရောက်ဖြေဆိုသူ ကျောင်းသား (၇၃၆) ဦး ကျောင်းသူ (၇၃၆) ဦး စုစုပေါင်း (၁၄၇၂) ဦး ပျက်ကွက် (၇၃) ဦး Grade -5 သည် ခရိုင်စစ်နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲဖြစ်ပြီး Grade-9 စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၉၀၆) ဦးရှိပြီး လာရောက်ဖြေဆိုသူ ကျောင်းသား (၃၈၇) ကျောင်းသူ (၄၈၉) ဦး စုစုပေါင်း (၈၇၆) ဦးရှိပြီး ပျက်ကွက် (၃၀) ဦး Grade -9 သည် တိုင်းစစ်နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲဖြစ်သည်။

Grade-5 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိနှင့် Grade-9 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)