တနင်္သာရီ မတ် ၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 ကျောင်းသူ/ သားများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တိုင်း/ ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကို မတ်လ ၄ ရက်နေ့ ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာကို သက်ဆိုင် ရာ အခြေခံပညာ ကျောင်း စာစစ်ဌာနများ၌ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။
ထိုကဲ့သို့ Grade-5 နှင့် Grade-9 ကျောင်းသူ/ သားများက စာမေးပွဲများ အေးချမ်းစွာဖြေဆိုနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်ဟန်စိုး၊ မြို့နယ်ပညာ ရေးမှူး ဒေါ်အေးအေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇင်ဦးချို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဌေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့၌ Grade-5 ကျောင်းသူ/ သားများ၏ နှစ်ဆုံးစာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာသာကို အ.ထ.က (၄) ကျောင်း၊ အ.ထ.ကခွဲ (၃) ကျောင်း၊ အ.လ.က (၄) ကျောင်း၊ အ.လ.ကခွဲ (၇) ကျောင်း၊ မူလတန်းလွန် (၉) ကျောင်း၊ အ.မ.က (၂၂) ကျောင်းနှင့် အ.မ.ကခွဲ (၁) ကျောင်း၊ စုစုပေါင်းစာစစ်ဌာန (၅၀)ကျောင်းတို့တွင် ဖြေဆိုရန်စာရင်းရှိ (၁၂၈၅) ဦး ရှိသည့်အနက် (၁၀၃၈) ဦး လာရောက် ဖြေဆိုသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၀.၇၇၈)ဖြစ်ပါကြောင်း သိရသည်။
အလားတူ Grade-9 ကျောင်းသူ/ သားများကလည်း အ.ထ.က (၄) ကျောင်း၊ အ.လ.ကခွဲ (၃) ကျောင်း၊ အ.လ.က (၄) ကျောင်းနှင့် အ.လ.ကခွဲ (၃) ကျောင်း၊ စုစုပေါင်းစာစစ်ဌာန (၁၄) ကျောင်းတွင် ဖြေဆိုရန်စာရင်းရှိ (၅၀၄) ဦးရှိပြီး (၄၀၉)ဦး လာရောက်ဖြေဆိုရာ ဖြေဆိုမှုရာနှုန်းမှာ (၈၁.၈၄၉) ဖြစ်ကြောင်း၊ သို့ပါ၍ Grade-5 နှင့် Grade-9 နှစ်ခုစလုံးမှ ဖြေဆိုရန်စာရင်းရှိ ကျောင်းသူ/ သား (၁၇၈၉) ဦးရှိပြီး (၁၄၄၇) ဦး အမှန်တကယ် လာရောက်ဖြေဆိုခဲ့သဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၀.၈၈၃)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)