စလင်း ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသည့် ဝက်၊ အမဲ၊ ဆိတ်နှင့် အသားငါးများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးထက် ရောင်းချမှုမရှိစေရန် တာဝန်ရှိသူများက ယနေ့နံနက် (၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၊ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ စျေးတာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များနှင့် ဝန်ထမ်းများ၊ ပူးပေါင်းအဖွဲ့များပါဝင်သော အဖွဲ့များလိုက်ပါ၍ ဝက်၊ အမဲ၊ ဆိတ်သားအပါအဝင် အသားငါးစျေးနှုန်းများအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာ သတ်မှတ်စျေးနှုန်းများအတိုင်း ပြည်သူအများ ဝယ်ယူစားသုံးနိုင်စေရန်နှင့် စျေးနှုန်းမြှင့်တင်၍ ရောင်းချမှုမရှိစေရန်တို့ကို လက်ကိုင်အသံချဲစက်များဖြင့် လိုက်လံကြေငြာအသိပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
မောင်လွင်