ဘိုကလေး မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ မတ်လ(၂)ရက်နေ့ ညနေ(၄)နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့သနပ်ခါးအား တန်ဖိုးထားမြတ်နိုးတတ်စေရးအတွက် ဟောပြောပွဲကျင်းပဆောင်ရွက်သည်။
ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ကြပီး သင်တန်းကျောင်း ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က သနပ်ခါးပင်၏ အစိတ်အပိုင်းအားလုံး အသုံးဝင်ပုံများ၊ သနပ်ခါး၏ ဆေးဖက်ဝင်ပုံများနှင့် ကျန်းမာရေးအတွက် အထောက်အကူပြု သုံးစွဲပုံများ၊ မြန်မာနိုင်ငံအနှံ့အပြားမှ သနပ်ခါးပေါက်ရောက်ရာဒေသများ၊ ရှေးမြန်မာအမျိုးသမီးများ၏ သနပ်ခါးအပေါ် အလေးအနက်ထား၊ တန်ဖိုးထားစွာ အသုံးပြုခဲ့ပုံများ၊ ယနေ့ခေတ်လူငယ်များအနေဖြင့်လည်း သနပ်ခါးအပေါ်လေးစားတန်ဖိုးထားစွာ လက်ဆင့်ကမ်းထိမ်းသိန်းသုံးစွဲနိုင်ရေး တိုက်တွန်းချက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)